Leader In Me @ Home သည်လူငယ်များကို လူကောင်းလူတော်နှင့် ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် ၁ နှစ်ပတ်လုံး အချိန်ယူကာ လေ့ကျင့်ပျိုးထောင်ပေးသော ကမ္ဘာ့အကောင်းဆုံး စနစ် ဖြစ်ပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံရှိ အကောင်းဆုံးကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းတွင် ကျောင်းသားပေါင်း ၇၀၀၀ ကျော် ကိုနှစ်စဉ် ပို့ချပေးနေပါတယ်။
မိဘများ၏ တောင်းဆိုမှုများအရ Leader In Me ကို ပထမဆုံးအကြိမ်အိမ်တွင် တိုက်ရိုက်ပို့ချပေးခြင်းဖြစ်ပါတယ်။
အချိန်တို သင်တန်း ၁ ခုမဟုတ်ပဲ ၁ နှစ်ပတ်လုံး စာတွေ့နှင့် လက်တွေ့နေထိုင်ကျင့်သုံးအောင် လေ့ကျင့်ပေးသောကြောင့် ထိရောက်မှုအကောင်းဆုံးဟု အသိအမှတ်ပြုခံထားရပါတယ်။
7 Habits of Highly Effective People နှင့် 4 Discipline of Execution ကို အခြေခံထားပြီး လူငယ် ၁ ယောက်အား မိမိကိုယ်မိမိ ဦးဆောင်တတ်အောင်၊ သူများကို ဦးဆောင်တတ်အောင်နှင့် လူမှုပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်လာအောင် စနစ်တကျလေ့ကျင့်ပေးသွားမှာပါ။
Flipped Classroom Principle ကို အသုံးချထားပြီး စာတွေ့နှင့် လက်တွေ့ ၂ ခုလုံးကို ပြည့်စုံအောင် စီစဉ်ထားသောကြောင့် တိုးတက်ပြောင်းလဲမှုက သေချာတဲ့ ရလာဒ်ပါ။
သင်ခန်းစာပေါင်း ၄၀ ပါဝင်ပြီး ၁ ဦးတည်း၊ မိသားစုနှင့် အဖွဲ့လိုက် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များ ပါဝင်သောကြောင့် စိတ်ဝင်စားဖို့ကောင်းသလို အနာဂတ်မှာလိုအပ်သော အရည်အချင်းများအားလုံးကို ရရှိသွားမှာ သေချာပါတယ်။
၁ နှစ်လုံးစာ သင်တန်းကြေး ကျပ် ၂၉၇ ၀၀၀ သာကြပြီး ၁ ပတ်လျှင် ၁ နာရီအချိန်ပေးရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ ကျောင်းပေါင်းစုံ၊ နယ်ပေါင်းစုံမှ လူငယ်များပါဝင်မှာဖြစ်ပြီး လူငယ်များအတွက် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ ရရှိမှာဖြစ်ပါတယ်။
ဒီ Program ရဲ့ အရည်အသွေးကို ထိန်းသိမ်းထားရန် Batch ၁ ခုတွင် သင်တန်းသား ၁၀၀ သာလက်ခံမှာဖြစ်ပါတယ်။
ဒါကြောင့်မိမိသားသမီးအတွက် စိတ်ဝင်စားပါက အခုချက်ချင်းစာရင်းသွင်းဖို့ ဖိတ်ခေါ်ပါတယ်။
You must be logged in to post a comment.