ယနေ့ခေတ်ကာလမှာ လူငယ်များအတွက် ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေ ပိုမိုများပြားလာပါတယ်…
ဒီသင်တန်းကို မိဘများ၏တောင်းဆိုချက်အရ စတင်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။
မိဘများက လူငယ်တွေအနေနဲ့ Academic Skills တွေအပြင် Leadership Skills နဲ့ Life skills တွေပါ မရှိမဖြစ်လိုအပ်တဲ့အချိန်ရောက်နေပြီ ဆိုတာကိုနားလည်လာလို့လည်း ဖြစ်ပါတယ်။
ဒီမေးခွန်း(၃)ခုကို စိတ်ထဲမှာ တိုးတိုးလေးဖြေကြည့်ပါ…..
(၁) သားသမီးကို မျက်စိရှေ့မှာထားပြီး ဘယ်အချိန်အထိ စောင့်ရှောက်နိုင်မယ်ထင်ပါသလဲ….??
(၂) ဒီလိုစောင့်ရှောက်နေရုံနဲ့ရော ဒီခေတ်ထဲမှာ ရှင်သန်နေထိုင်ရပ်တည်နိုင်ပြီ ထင်ပါသလား…??
(၃) (၁၀)တန်းမှာမိဘ၊ ဆရာစောင့်ရှောက်တင်းကြပ်မှုနဲ့ အမှတ်ကောင်းနိုင်ပေမဲ့…
ဘဝမှာ မိဘကမျက်ခြေမပြတ်စောင့်ကြည့်ပေးရုံ၊ လိုက်ပါလုပ်ကိုင်တင်းကြပ်ပေးရုံနဲ့ သားသမီးဘဝကောင်းနိုင်ပြီထင်ပါသလား…..??
ဒီမေးခွန်း(၃)ခုလုံး No လို့ဖြေမိတယ်ဆိုပါစို့..ဒါဆို မိဘတစ်ယောက်အနေနဲ့ ဘာလုပ်ရတော့မယ်ဆိုတာလေးကို အောက်က Link မှာပဲဆက်ကြည့်လိုက်ရအောင်…
ဘဝအတွက် အရေးအကြီးဆုံးအရွယ်မှာ သင့်သားသမီးကို အကောင်းဆုံးခြေလှမ်းတွေ စတင်ခွင့်ပြုလိုက်ပါ….
သင့်သားသမီးခြေလှမ်းတွေ နောက်မကျပါစေနဲ့…..
ဘဝတွေ နောက်မကျပါစေနဲ့…….
——————————————————————-
ယနေ့ခေတ်လူငယ်များနှင့် စိတ်ခေါ်မှုများ (Challenges )
စိတ်ကို အလွယ်တကူစွဲဆောင်နိုင်တဲ့အရာတွေ များလာခြင်း (မူးယစ်ဆေး၊ Social Media၊ Online Games)
မကောင်းတာလုပ်ဖို့ အလွယ်တကူလက်လှမ်းမှီစရာတွေ များလာခြင်း၊
စိတ်အားလူအားဖြစ်နေချိန်တွေမှာ စိတ်လေလွင့်မှုများများလာခြင်း၊
လူမှုဝန်းကျင်တွင် သင့်တင့်မျှတစွာနေထိုင်ဖို့ အခွင့်အလမ်းနည်းသည့် ကာလထဲရောက်နေခြင်း၊
အမှန်တကယ် ကိုယ့်ဘဝအတွက်လက်တွေ့အသုံးကျပြီး လေ့လာသင်ယူသင့်သည့်အရာတွေကဘာတွေမှန်းမခွဲခြားတက်တော့ခြင်း၊
မိမိကိုယ်မိမိဦးဆောင်နိုင်မှု အားနည်းခြင်း(မိဘပြောမှ၊ ဆရာပြောမှလုပ်တက်ခြင်း)၊ အများနှင့်ဝင်ဆံ့အောင် ပြောဆိုလုပ်ကိုင်ဦးဆောင်နိုင်မှုများ အားနည်းခြင်း၊
မိမိရဲ့ဝါသနာ၊ ကိုယ်စွမ်းဉာဏ်စွမ်းက ဘယ်အရာမှန်းမသိနားမလည်ခြင်း၊ အသုံးမချတက်ခြင်း၊ Game ပဲစိတ်သန်နေပြီး ပေါင်းသင်းဆက်ဆံရေးကိုနားလည်မှုအားနည်းလာခြင်း၊
ဒါတွေကို ဒီအတိုင်းနေ့စဉ်ထိုင်ဆုံးမနေရုံနဲ့တော့ ပြောင်းလဲလာဖို့ခဲယှဉ်းကောင်းခဲယဉ်းပါလိမ့်မယ်။
ဒါပေမဲ့…….
နိုင်ငံတကာမှာ အောင်မြင်နေတဲ့လူကြီး၊ လူလတ်၊ လူငယ်တွေတိုင်းမဖြစ်မနေ တက်ရောက်ခဲ့ကြတဲ့ FranklinCovey U.S ရဲ့ 7 Habits ကိုအခြေခံထားတဲ့ ကမ္ဘာကျော်သင်တန်းကတော့ ပြောင်းလဲမှုတွေကို နှစ်ပေါင်းရာချီပြီး သက်သေပြနိုင်ခဲ့ပါတယ်။
(၁) ခုလိုပညာရေးတွေရပ်တန့်နေချိန်မှာ လူငယ်တွေဘာလုပ်ရမှန်းမသိ လိုင်းသုံးရင်းအချိန်ကုန်မနေစေဖိို့
(၂) စနစ်တကျမရှိတဲ့သင်ရိုး၊ လွယ်ကူမှုမရှိတဲ့ Online စနစ်တွေသုံးပြီးအချိန်ကုန်၊ ငွေကုန်၊ မျက်စိမွဲပြီးပျင်းစရာကောင်းတဲ့ Online Class တွေမသင်မိစေဖို့
(၃) FranklinCovey U.S ရဲ့နိုင်ငံတကာက University တွေမှာ မဖြစ်မနေသင်ကြားရတဲ့ ကမ္ဘာကျော်သင်ရိုးကို မြန်မာနိုင်ငံရဲ့အထူးဈေးနှုန်းနဲ့ သင်ကြားခွင့်ရမှာဖြစ်တဲ့အတွက် တို့ကြောင့်ပဲဖြစ်ပါတယ်..
သင်တန်းအမည်က….
STEP-1 : Student To Effective Person
(၁၀)တန်းကျောင်းသားများ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး တက္ကသိုလ်တက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကျောင်းသူကျောင်းသားတွေ တက်ရောက်သင့်ပါတယ်..
(၂) ဘာကြောင့် ဒီသင်တန်းကို တက်ရောက်သင့်တာလဲ???
မိမိဘဝကို ဦးဆောင်နိုင်ရုံမက အခြားသူတွေပါ ဦးဆောင်နိုင်တဲ့အရည်အချင်းတွေ ရှိလာအောင်
ဘဝအနာဂါတ်အတွက် မှန်ကန်ကောင်းမွန်တဲ့ဆုံးဖြတ်မှု၊ ရွေးချယ်မှုတွေ ပြုလုပ်နိုင်အောင်
လူငယ်တွေရဲ့ career life အတွက် လိုအပ်တဲ့ အခြေခံ soft skills + hard skills တွေကို တစ်ခါတည်း ပြည့်စုံအောင် စီစဉ်ပေးထားတဲ့သင်တန်း ဖြစ်တဲ့အတွက်ပါ။
(၃) ဒီသင်တန်းမှာ ဘယ်ဘာသာရပ်တွေ သင်ကြားပေးမှာလဲ???
အလွယ်ကူဆုံး ပြောရမယ်ဆိုရင် Leadership Skills အပြင် English Four Skills နဲ့ လိုက်လို့မမှီလောက်အောင် ပြောင်းလဲနေတဲ့ Internet ခေတ်ကြီးထဲ computer နှင့် IT ပညာများကို မိမိတို့အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် Digital Literacy Skills တွေကိုပါ ဒီ course တစ်ခုတည်းမှာ လေ့လာနိုင်မှာပါ။
(၄) ဘယ်လိုနည်းလမ်းတွေနဲ့ သင်ကြားပေးမှာလဲ???
Covid ကာလမှာ ကျောင်းသားနဲ့ ဆရာ တိုက်ရိုက်သင်ကြားရေးနည်းတွေထဲက တစ်ခုဖြစ်တဲ့ Zoom application နဲ့ ထိရောက်စွာ သင်ကြားပေးမှာပါ။
ဒါ့အပြင် Leader in Me ရဲ့ ကိုယ်ပိုင် Learning Platform ဖြစ်တဲ့ limitsx မှာ သင်ခန်းစာနဲ့ ဆက်နွယ်တဲ့ videos တွေ ၊ articles တွေ၊ Reference Books တွေကိုလည်း ဝင်ရောက်လေ့လာဆည်းပူးနိုင်မှာပါ။
(၅) သင်တန်းကာလ ဘယ်လောက်ကြာမှာလဲ???
သင်တန်းကာလကတော့ စုစုပေါင်း (၃) လ ကြာမြင့်မှာပါ။
(၆) ဘယ်အချိန်တွေ သင်ကြားမှာလဲ???
တစ်ပတ် (၃)ရက် ၊ တစ်ရက် (၃) နာရီ သင်ကြားသွားပါမယ်။
လက်ရှိမှာ တနင်္လာနေ့ကနေ သောကြာနေ့အတွင်း စီစဉ်ထားပေမယ့် တက္ကသိုလ်တွေ ဖွင့်လှစ်တဲ့ အချိန်ကျရင် စနေ၊ တနင်္ဂနွေကို ပြောင်းရွှေ့သင်ကြားပေးမှာပါ။
(၇) သင်တန်းပြီးရင်ရော စာမေးပွဲဖြေရဦးမှာလား???
သင်တန်းကာလပြီးဆုံးရင် FranklinCovey Myanmar မှ ချီးမြှင့်တဲ့ Certificate ကိုရရှိမှာ ဖြစ်ပါတယ်။
*** ဒီ Certificate ကို ရရှိဖို့အတွက် သင်တန်းကာလမှာ လေ့လာခဲ့ရတဲ့ ဘာသာရပ်အားလုံးကို အသုံးပြုပြီး Project တစ်ခု တင်သွင်းပေးဖို့ လိုအပ်ပါတယ်။ ***
(၈) နိုင်ငံတကာမှာသင်တဲ့အတိုင် းရရှိဖို့သင်ကြားမဲ့ဆရာတွေကရော ဘယ်သူတွေဖြစ်မလဲ???
သင်ကြားရေးမှာ အတွေ့အကြုံများစွာရှိပြီး၊ FranklinCovey U.S ရဲ့အသိမှတ်ပြုထားတဲ့ FeanklinCovey Myanmar ရဲ့ မူပိုင် Certified Trainer တွေကပဲသင်ကြားပေးမှာ ဖြစ်ပါတယ်။
(၉) ဘယ်ဘာသာနဲ့ သင်မှာလဲ???
Material များကတော့ English ဘာသာနဲ့ဖြစ်ပြီး၊ Lesson Video, Discussion ကတော့မြန်မာဘာသာနဲ့ဆွေးနွေးသင်ကြားပေးမှာ ဖြစ်ပါတယ်။
(၁၀) နိုင်ငံတကာ University မှာသင်နေတဲ့သင်ရိုးတွေဆိုတော့ သင်တန်းကြေး ဘယ်လောက်ကျမှာလဲ???
ပထမဆုံး STEP-1 ရဲ့ 1st Batch ဖြစ်တဲ့အတွက် (၃)လစာကိုမှ ၁၂၀,၀၀၀ ကျပ်ပဲ ကျသင့်မှာပါ။
STEP-1 Promotion ၈၀၀၀၀ ကျပ်က (၃၀)ယောက်ပဲနော်…..မြန်မြန်ဆက်သွယ်မှစိတ်ချရမယ်
ဘဝအတွက်အရေးအကြီးဆုံးအရွယ်မှာ သင့်သားသမီးကိုအကောင်းဆုံးခြေလှမ်းတွေ စတင်လှမ်းခွင့်ပြုလိုက်ပါ….
သင့်သားသမီးရဲ့ခြေလှမ်းတွေ
နောက်မကျပါစေနဲ့…..
ဘဝတွေ နောက်မကျပါစေနဲ့…..
သင်တန်း Join နည်း။
(၁) သင်တန်းကြေးကို ဖေါ်ပြထားသော Account များသို့ လွှဲပေးနိုင်ပါသည်။
(၂) သင်တန်းကြေးလွှဲပြီးပါက Screen Shot ကို Leader In Me Myanmar Page Messenger သို့ပို့ပေးပါ။ Click Here.
(၃) ဒီမှာ Account Register လုပ်ပါ။
(၄) ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာအောင်လေ့လာပါ။
ဆက်သွယ်ရန် 09 7788 6655 1 ~ 3
You must be logged in to post a comment.