🤔🤔🤔 Why Thinking Abundantly is important? 🤔🤔🤔
လူအများစုဟာ Scarcity (မလောက်မင၊ ကျပ်တည်းနေတယ်) ဆိုတဲ့ Mindset (အမြင်) နဲ့ နေထိုင်လှူပ်ရှားနေကြတယ်။ ဒါကလည်း လူတစ်ယောက်ခြင်းရဲ့ အမှားမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ကလေးဘဝကစပြီး လူကြီးဖြစ်လာတဲ့အထိ ပတ်ဝန်းကျင်တစ်ခုလုံးက ယှဉ်ပြိုင်မှုကိုအားပေးခဲ့တယ်။
မိသားစုထဲမှာ မိဘတွေက အကိုတွေ အမတွေနဲ့ နိူင်းယှဉ်တယ်။ ကျောင်းရောက်တော့လည်း ဆရာ ဆရာမတွေက တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်အောင် သင်ပေးတယ်။ အလုပ်ခွင်ရောက်တော့လည်း ဒီလိုပါပဲ။ ပြီးတော့ ကျွန်တော်တို့နေ့စဉ် မြင်တွေ့နေရတဲ့ ကြော်ငြာတွေ့ကလည်း တစ်ယောက်နဲ့တစ်ယောက် ပြိုင်ခိုင်းပြီး လိုချင်စိတ်တွေပိုလာအောင် တွန်းပို့ပေးတယ်။ ဒါကြောင့်လူအများစုရဲ့ အခြေခံစိတ်က Scarcity Mindset ထဲမှာရှိပါတယ်။
Scarcity Mindset ထဲမှာ ရှိနေရင် ဒါမျိုးစိတ်တွေရှိတတ်တယ်။
(၁) တကယ်လို့ ငါ့မှာသာ သူ့လို .......... ရှိခဲ့ရင်ကောင်းမှာပဲ ဆိုတဲ့စိတ်များတယ်။
(၂) သူများတွေရဲ့ အောင်မြင်မှုကို မနာလို၊ မကျေနပ်နေတဲ့စိတ်ရှိတယ်။
(၃) ကိုယ့်မှာ မရှိတဲ့အရာတွေပေါ်မှာ အာရုံပိုထားတယ်။
(၄) အခြေအနေတွေကို မကောင်းတဲ့ဘက်ကနေ မြင်တာများတယ်။
(၅) ယှဉ်ပြိုင်မှုစိတ်ပြင်းပြတယ်။
(၆) ဟန်ဆောင်မှုများတယ်။
(၇) စိတ်အေးအေးမထားတတ်ပဲ၊ ပြဿနာကိုပဲမြင်တယ်။
(၈) အမြဲတန်း လိုအပ်နေတယ်။ မလုံလောက်ဘူးဆိုတဲ့စိတ်ရှိတယ်။
(၉ ) အရာရာကို အရှုံးနဲ့အနိုင် ၂ မျိုးပဲတွေးတတ်တယ်။ ၂ ဦး ၂ ဖက်အကျိုးရှိအောင် မစဉ်းစားတတ်ဘူး။
(၁၀) ရောင့်ရဲ တင်းတိမ်တဲ့စိတ်နည်းတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အလုပ်ခွင်မှာဆိုရင် သူများချီးကျူးခံရတာ၊ ရာထူးတက်တာ၊ နာမည်ကောင်းမျှဝေပေရတာ တို့ကိုမလိုလားဘူး။ တချို့လူတွေဆိုရင် သူတို့ဆိုင်မှာ မရှိတဲ့ပစ္စည်းကို ဈေးဝယ်သူက ဘယ်မှာရှိနိုင်လဲ လို့မေးရင်တောင် သိရဲ့သားနှင့် မသိဘူးပြောသူတွေ အများကြီးရှိတယ်။
ကိုယ်သိတဲ့ အရာတစ်ခုကို သူများကို မပြောပြချင်ဘူး။ သူများသိသွားရင် ကိုယ်နေရာမရတော့မှာဆိုးတာမျိုးပေါ့။
ဒီ Scarcity Mindset ဟာခေါင်းဆောင်တစ်ယောက်ဖြစ်ချင်သူအတွက် အန္တရာယ်ပါ။ ဘာကြောင့်လဲဆိုတော့ ခေါင်းဆောင်လုပ်မည့်သူဟာ
(၁) ယှဉ်ပြိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလိုလားရမယ်။ မိမိအဖွဲ့မှာသာမက အခြားအဖွဲ့များနှင့်လည်း ပူးပေါင်းမှုကို လိုလားရမယ်။
(၂) မိမိမှာရှိတဲ့ ပညာနှင့် ကျွမ်းကျင်မှုတို့ကိုလည်း မျှဝေလိုမှုရှိရမယ်။ ဒါမှလည်း သူ့လက်အောက်ငယ်သားများကိုတိုးတက်အောင် ကူညီပေးနိုင်မှာပါ။
(၃) အခက်အခဲထဲက အခွင့်အလမ်းကိုလည်းမြင်နိုင်ရမယ်။
(၄) ကိုယ့်မှာရှိတဲ့ အားသာချက်တွေကို တန်ဖိုးထားပြီး အသုံးချတတ်ရမယ်။
(၅) သူများရဲ့ အောင်မြင်မှုကိုလည်း မုဒိတာပွားနိုင်သူတစ်ယောက်ဖြစ်ရမယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဒီလို Abundant Mindset ရှိတဲ့ ခေါင်းဆောင်အောက်မှာ အလုပ်လုပ်ရရင် ပျော်စရာကောင်းတယ်။ စိတ်ဖိစီးမှုနည်းစေတယ်။ ကိုယ့်ကိုတန်ဖိုးထားတယ်လို့ခံစားရတယ်။ တိုးတက်မှုရှိတယ်။ လုပ်ဖေါ်ကိုင်ဖက်အခြင်းခြင်းလည်း စည်းလုံးညီညွတ်မှုပိုရှိတဲ့အတွက် အလုပ်ပိုမိုပြီးမြောက်တယ်။
Scarcity Mindset ကနေ Abundant Mindset ကိုဘယ်လိုရောက်အောင်သွားမလဲ။
(၁) မိမိကိုယ်ကိုယ် သတိထားမှုပိုကောင်းလာဖို့က ပထမအဆင့်ပါ။ ဘယ်လိုအချိန်တွေမှာ Scarcity Mindset ရှိတတ်လဲ။ ဘယ်သူတွေနဲ့ဆိုရင် Abundant Mindset ရှိတတ်လဲ ဆိုတာအရင်သိဖို့လိုအပ်ပါတယ်။ မိတ်ဆွေတို့လည်း စဉ်းစားကြည့်ပြီး ဖြေကြည့်သွားပါ။
(၂) ကိုယ့်မှာရှိတာကို တန်ဖိုးထားဖို့က ဒုတိယပါ။ ကိုယ့်မှာမရှိတာကို စဉ်းစားတာထက် ကိုယ့်မှာရှိတာကို စဉ်းစားပါ။
(၃) ကျေးဇူးတင်တတ်ပါစေ။ ကျေးဇူးတင်စကားပြောတာက အလေ့အကျင့်တစ်ခုပါ။ အခုကစပြီး ကောင်းတဲ့အလေ့အကျင့်ကို စတင်ပါ။ အိမ်မှာ အလုပ်မှာ ပတ်ဝန်းကျင်မှာ နေရာတိုင်းမှာပါ။ နေ့တိုင်းကိုယ့်မှာရှိတဲ့အရာတွေအပေါ်မှာ ကျေးဇူးတင်စကားပြောပါ။
(၄) မိမိကိုယ်ကိုယ် အမြဲတိုးတက်လာအောင် လေ့လာသင်ယူနေပါ။
(၅) ကိုယ်လိုချင်တာကို သူများကိုပေးပါ။ ကိုယ်ကသူများချီးကျူးတာကို ကြိုက်တယ်ဆိုရင် ကိုယ်ကအရင်သူများကို ချီးကျူးပါ။ သူများကို ကူညီပါ။ သူများကို ကူညီလိုက်တိုင်ဟား Abundant Mindset ကို အသုံးချနေခြင်းဖြစ်ပါတယ်။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ မိမိရဲ့ အဖွဲ့သားများကို ပြုပြင်သင်ကြားပေးပါ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
💥💥💥 Think Abundantly သည် ဒုတိယ Leadership Challenge ဖြစ်ပါတယ်။ 💥💥💥
မိတ်ဆွေ ဒါကိုဘယ်လိုအသုံးချသွားမလဲ။ ဒီနေ့တစ်ယောက်ယောက်အပေါ် Think Abundantly ပြီး တစ်ခုခုလုပ်ပေးလိုက်ပါ။