7 Habits of Highly Effective People (Foundation)

Current Status
Not Enrolled
Price
70 000 Ks
Get Started
This course is currently closed

အားလုံးပဲ မင်္ဂလာပါ။

ဒီ 7 Habits of Highly Effective People Foundation Course သည် 7 Habits ၂ ရက် (သို့) ၃ ရက် သင်တန်းကို တက်ရောက်ပြီးသား သင်တန်းသူ/သားများအတွက် အလွယ်တကူပြန်လည်လေ့လာနိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။

ဒီ 7 Habits of Highly Effective သင်တန်းသည် အခြားသင်တန်းများနှင့် မတူပဲ လေ့လာမှတ်သားစရာများစွာပါဝင်သောကြောင့် အားလုံးအကျိုးရှိစေရန် ပြုစုပေးထားခြင်းဖြစ်ပါတယ်။

Leader In Me အတန်းကို ကျောင်းတွင်ပြန်လည်သင်ကြားမည့် ဆရာ/ဆရာမများအတွက်လည်း အကျိုးရှိမည်ဟု ယုံကြည်ပါတယ်။

ကမ္ဘာကျော်နိုင်ငံ့ခေါင်းဆောင်များ၊ CEO များ၊ ထိပ်တန်းအားကစားသမားများနှင့် စစ်မှန်သော အောင်မြင်ကျော်ကြား မှုကိုရနေသူများမှာ သူတို့လက်တွေ့ အသုံးချနေသော စနစ်တကျ တွေးခေါ်နည်း၊ ပြောဆိုဆက်ဆံနည်းနှင့် နေထိုင်နည်းတွေ ရှိတယ်ဆိုတာကို အထူးပြောစရာ မလိုပါ။

“Change your habits, change your life” ဆိုသလို လူအများစုက မကောင်းတဲ့ အလေ့အကျင့်တွေကို ကောင်းတဲ့ အလေ့အကျင့်တွေနှင့် အစားမထိုးနိုင်ခြင်း၊ ပြောင်းလဲမှုကိုရေရှည်မထိန်းထားနိုင်ခြင်းနှင့် စနစ်တကျ ပြောင်းလဲခြင်း တို့ကိုမသိသေးသောကြောင့် မပြောင်းလဲနိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မိမိလိုချင်တဲ့ ရလဒ်ကိုမရနိုင် (သို့) ရရင်တောင်မှ ခဏပဲရနိုင်ကြပါတယ်။

Dr. Stephen Covey ရေးသားခဲ့ပြီး သူကိုယ်တိုင်ပြင်ဆင်၊ သူကိုယ်တိုင်သင်ပြပေးခဲ့သော ဒီ “7 Habits of Highly Effective People” ကတော့ လူပေါင်းသန်းပေါင်းများစွာကို Effective ဖြစ်လာအောင် စနစ်တကျပြုပြင်ပြောင်းလဲ ပေးခဲ့တာနှစ်ပေါင်း ၃၀ ကြာခဲ့ပါပြီ။ Effective ဆိုတာမိမိအလိုရှိသော ရလာဒ်ကို ထပ်ခါတလဲလဲ ရယူနိုင်ခြင်းလို့ ဆိုလိုပါတယ်။

နိယာမများအပေါ်မူတည်ထားခြင်း၊ အခြေခံကျခြင်းနှင့် အသုံးပြုရသည်မှာ လွယ်ကူခြင်းတို့ကြောင့် လူပေါင်းသန်းပေါင်းများ စွာကို ရလဒ်ကောင်းများကို ထပ်ခါတလဲလဲ ရယူနိုင်စေပါတယ်။

နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်ကတော့ ဆရာ/ဆရာမများသည် ကျောင်းသား/သူများ၏ Role Model များဖြစ်ကြပါတယ်။ ဆရာ/ဆရာမများအနေနှင့် ဒီ 7 Habits မှ အလေ့အကျင့်များကို ကိုယ်တိုင်အသုံးပြုကျင့်ကြံရင်း မိမိဘဝနှင့် ပတ်ဝန်းကျင်ကိုပါအကျိုးပြုနိုင်သော Transition Person များဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

“7-Habits of Highly Effective People : The Most Powerful Lessons in Personal Transformation.”