Counseling ဆိုတာဘာလဲ?

Counseling ဆိုတာ one way of helping people လို့ ပြောလို့ရပါတယ်။ သူများတွေကို အကူအညီပေးနိုင်တဲ့ ပညာ ၁ ခုလို့ဆိုလည်း မမှားပါဘူး။ စိတ်ညစ်နေသူတွေ၊ စိတ်အကျပ်အတည်းကြုံတွေ့နေသူတွေကို စိတ်သက်သာရအောင်၊ စိတ်အေးအေးထားနိုင်ပြီး ရွေးချယ်မှုတွေ မှန်ကန်အောင် ကူညီပြောဆိုပေးခြင်းလို့လည်းပြောလို့ရပါတယ်။


ဘာကြောင့် Counseling လုပ်ကြတာလဲ?

ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ် ဘယ်လောက်ချမ်းသာတဲ့သူပဲဖြစ်ဖြစ် ဘဝမှာလူတိုင်း ကြီးမားပြင်းထန်ပြီး ဖြေရှင်းရခက်တဲ့ စိန်ခေါ်မှုအကြီးကြီး ၃၊ ၄ ခု ရင်ဆိုင်ရတယ်လို့ သုတေသနတွေအရပြောပါတယ်။ အဲ့လိုအချိန်မှာ လူတိုင်းဟာ တည်ငြိမ်မှု၊ စဉ်းစားတွေးခေါ်နိုင်မှုနဲ့ ရွေးချယ်နိုင်မှုတွေ အားနည်းသွားပါတယ်။ ဒီလိုအချိန်မှာ တချို့ကမိသားစု၊ တချို့က သူငယ်ချင်းအပေါင်းအသင်း ကို အကူအညီတောင်းကြတယ်။ ဒါပေမဲ့ တချို့အရာတွေကတော့ Professional တွေကို အကူအညီတောင်းတယ်။ မိသားစုဝင်နဲ့ သူငယ်ချင်းတွေက တခါတလေဘက်လိုက်ပြောဆိုမှုတွေဖြစ်တတ်ပြီး မှန်ကန်တဲ့အဖြေကို မရလာနိုင်ပါဘူး။


Counseling နဲ့ Psychotherapy ကဘာတွေကွာခြားတာလဲ?

Counseling ကို ခံယူသူတွေက စိတ်ရောဂါ ဝေသနာရှင်တွေမဟုတ်ပါဘူး။ သူတို့ဟာ သာမာန်လူကောင်းတွေပါ။ လက်ရှိဖြစ်ပျက်နေတဲ့ စိန်ခေါ်မှုကို ကောင်းကောင်းမွန်မွန် ရင်ဆိုင်ဖို့အကူအညီလိုနေသူတွေပါ။ လူတိုင်းမှာလည်း ဒီလိုအခြေအနေ ကြုံတွေ့ရနိုင်ပါတယ်။ Psychotherapy ဆိုတာကတော့ စိတ်ရောဂါအခြေခံရှိသူကို ကုသပေးခြင်းပါ။ Counseling နဲ့ Psychotherapy မှာ တူတဲ့အချက်တွေနဲ့ နည်းလမ်းတွေ အများကြီးတော့ရှိပါတယ်။ Counseling ကဘယ်လို အခြေအနေမျိုး​တွေကို ဖြေရှင်းပေးလဲ?သုတေသနတွေအရ Relationships စိန်ခေါ်မှုတွေနဲ့ Developmental Life Changes စိန်ခေါ်မှုတွေရဲ့ ရိုက်ခတ်မှုကို ရင်ဆိုင်ရသူတွေပါ။ Relationships တွေအဆင်မပြေရင် (သို့) ကြုံတွေ့လာရတဲ့ ပြောင်းလဲမှုတွေကို မဖြေရှင်းတတ်ရင် စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရလာနိုင်ပါတယ်။ ဒါတွေကို အဓိကဖြေရှင်းပေးနိုင်ပါတယ်။


ဘာကြောင့် Basic Personal Counseling Skills တွေလူတိုင်းမှာ ရှိသင့်တာလဲ?

ပထမဦးဆုံးအနေနဲ့ သူများကို ကူညီပေးနိုင်တဲ့ အရည်အချင်းလူတိုင်းမှာရှိတာ မမှားပါဘူး။ တချို့လူတွေဆိုရင် Natural တွေလို့ပြောလို့ရပါတယ်။ သူတို့နဲ့စကားပြောလိုက်ရင် စိတ်ပေါ့ပါးသွားတယ်။ စိတ်ညစ်တာတွေပြောက်သွားတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် သူတို့ဟာ Counseling Skills တွေကို မသိပေမဲ့ အသုံးချနေလို့ပါ။ ဒုတိယအနေနဲ့တော့ အခုလိုရှုပ်ထွေးပြီး ခက်ခဲတဲ့အချိန်မှာ လူအများစု အကူအညီလိုပါတယ်။ မိမိမှာ Basic Skills ရှိထားတယ်ဆိုရင် သူများတွေကို ကူညီလို့ရပါတယ်။ တတိယအချက်ကတော့ Counseling Skills တွေက မိမိပေါင်းသင်းဆက်ဆံရေးကိုလည်း များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။


Basic Personal Counseling Skills ကိုတက်လိုက်ရင် Counselor ဖြစ်လာမှာလား?

မဖြစ်လာပါဘူး။ ဒီအရည်အချင်းဟာသင်တန်းတက်လိုက်လို့လည်း ပြည့်စုံသွားမှာ မဟုတ်ပါဘူး။ ဒီသင်တန်းက ဘာကိုအာမခံနိုင်လည်းဆိုရင်တော့ Counseling နဲ့ ပတ်သက်လို့ သိသင့်သိထိုက်တာတွေ၊ နည်းလမ်းတွေ၊ စဉ်းစားပုံစဉ်းစားနည်းတွေ၊ အပြန်အလှန်ဆွေးနွေးတာတွေနဲ့ Case Studies တွေ ရမှာဖြစ်ပါတယ်။ ကျွမ်းကျင်ဖို့ကတော့ မိမိကိုယ်တိုင် ဒီသင်တန်းမှာ သိသွားတဲ့ ပညာတွေကို လက်တွေ့အသုံးချပြီး လေ့ကျင့်ဖို့ပါ။ Expert တစ်ယောက်ချက်ချင်းမဖြစ်လာနိုင်ပေမဲ့ အစကောင်းတဲ့သူ ၁ ယောက်ဖြစ်လာမှာ သေချာပါတယ်။


ဘယ်သူတွေ ဒီအရည်အချင်းတွေရှိသင့်လဲ?

လူတိုင်းမှာ ရှိသင့်ပါတယ်။ ဆရာ/ဆရာမတွေ၊ မိဘတွေ၊ လုပ်ငန်းရှင်တွေ၊ သူများကို ဦးဆောင်နေရသူတွေ။ အားလုံးမှာရှိသင့်ပါတယ်။


ဘယ်လိုသင်မှာလဲ?

Video Lessons, Live Lessons, Group Discussions, Quizzes and Case-Studies တွေပါဝင်ပါမယ်။

Sample Video လေးကို ပြပေးထားပါတယ်။

သင်တန်းတက်ဖို့ Psychology အသိပညာလိုအပ်ပါလား?

မလိုအပ်ပါဘူး။ လိုအပ်ကမျှကို ပြင်ဆင်စီစဉ်ပေးထားပါတယ်။ လူကြီးတွေသာမက လူငယ်တွေအတွက်လည်း သင့်တော်ပါတယ်။


သင်တန်းကြေးဘယ်လောက်လဲ?

၃ လ သင်တန်းဖြစ်ပြီး ၄၅ ၀၀၀ ကျပ်ပါ။

Points Required For Course.        - 90
Points Awarded At Completion - 18


သင်တန်းကိုဘယ်လို Join မလဲ။

(၁) Member မဟုတ်သေးရင်  Register လုပ်လိုက်ပါ။

(၂) သင်တန်းအတွက်ငွေလွှဲရန်…
CB Bank     :  0019-6003-0000-1317    (Brain Portal Learning Labs Company)
KBZ Bank  :  2623-0426-2004-16301 (Brain Portal Learning Labs Company)
AYA Bank.  :  0122-2030-1000-1191     (Brain Portal Learning Labs Company)

Wave Pay Number : 09778866552 (Kay Thi Wint Wint Tun)
KPay Number           : 09401613666 (Kay Thi Wint Wnt Tun)

ငွေလွှဲသည့်အခါ ကျောင်းသားအမည်နှင့်ဖုန်းနံပါတ်အားထည့်သွင်းဖေါ်ပြပေးပါ။ ငွေလွှဲထားသော Voucher (or) ငွေလွှဲထားသော ScreenShot ကို Leader In Me Messenger မှပေးပို့ကာ Registration Code ကိုရယူပါ။

(၃) Course ထဲသို့ Page Admin မှ Enroll လုပ်ပေးပြီးလျှင်စတင် Join နိုင်ပါပြီ။
လိုအပ်သောအကူအညီများရှိပါက
ဖုန်း ☎️☎️☎️ 09-778866551/3 တို့ကိုလည်းတိုက်ရိုက်မေးမြန်းနိုင်ပါသည်။

Unleashing Greatness In You
%d bloggers like this: