Emotional Injury ဖြစ်လာရင် ဘယ်လိုရင်ဆိုင်မလဲ။
Emotional Hygiene နဲ့ပတ်သတ်ပြီး အရမ်းအရေးကြီးတဲ့ အချက်လေးတစ်ချက်ကို ဒီ post ကနေ မျှဝေပေးပါ့မယ်။
လူတွေက ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာရရှိသွားရင် ဘာလုပ်ကြလဲ။
ဥပမာ၊ ချှော်လဲလို့ သွေးထွက်သွားတယ်ဆိုရင် ကလေးကအစ အနာကို ဆေးရမယ်၊ ဆေးလိမ်းရမယ်ဆိုတာကို သိပါတယ်။ ဒါ Physical Injury ကိုဘာလုပ်ရမယ်ဆိုတာကိုသိတယ်လို့ ဆိုပါတယ်။ ဘယ်သူမှ ဒီအနာကို ဓါးနဲ့ထိုးပြီး မမွှေပါဘူး။
ဒါပေမယ့် စိတ်ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ လူတွေက Emotional Injury (သို့) Psychological Injury တွေဖြစ်လာရင်တော့ ဘာလုပ်ရမယ်ဆိုတာကို မသိပါဘူး။ Emotional Injury ဆိုတာ ဥပမာအားဖြင့် စိတ်ညစ်စရာတစ်ခုခုဖြစ်စေခြင်း၊ အသဲကွဲခြင်း၊ ကိုယ့်ရည်မှန်းချက်အတိုင်းမဖြစ်လာခြင်း၊ ကိုယ့်ကိုတစ်စုံတစ်ယောက်က အပြစ်ပြောဆိုခြင်း၊ စသည်ဖြင့် ဖြစ်ပါတယ်။ ဒီလို Emotional Injury တွေဖြစ်လာရင်တော့ လူတော်တော်များများက ဘာလုပ်ရမည်ကို မသိကျပါ။ များသောအားဖြင့် လူတော်တော်များများက သူတို့ကိုသူတို့ ပြန်လည်အပြစ်တင်တတ်ပါတယ်။ ဥပမာအားဖြင့် ငါအသုံးမကျဘူး။ ငါက အလကားလူ။ သူများတွေက ငါ့ထက်သာတယ်။ စသည်ဖြင့် သူတို့ကိုသူတို့ ဝေဖန်သုံးသပ်ကျပါတယ်။
Physical Injury နဲ့ ယှဉ်ပြီးပြောရရင် ဒါဟာဘာနဲ့ တူလည်းဆိုရင် ကိုယ့်အနာထဲကို ဓါးထိုးထည့်ပြီး ဆွဲမွှေနေသလိုပါပဲ။ Emotional Injury ဖြစ်လာခဲ့ရင် ဒါမျိုးနောက်မလုပ်မိအောင် ဂရုစိုက်ပါလို့ FranklinCovey Education Myanmar Team ကနေ သတိပေးခြင်ပါတယ်။ အနာပေါ်ကို အနာမဆင့်ပါနဲ့။ မိမိကိုယ်ကိုမိမိ ဂရုစိုက်ပါ၊ သနားပါ၊ လေးစားပါ။
နောက်တစ်ခါ Emotional Injury ဖြစ်လာခဲ့ရင် ဒီစာလေးကို သတိရပါစေ။ ခန္ဒာကိုယ်ပေါ်ကအနာကို ဂရုစိုက်သလို မိမိရဲ့ Emotional Injury ကိုလည်း ဂရုစိုက်ပါ။
Emotional Injury ရတာကို သိလိုက်ပြီဆိုတာနှင့် မြန်မြန်ဆေးကျောပြစ်ပါ။ ဥပမာ ငိုခြင်ရင် ငိုချလိုက်။ ပြီးရင်တော့ ဒဏ်ရာကို ဆေးမြန်မြန်လိမ်းပြစ်ပါ။ အခြေအနေမှန် သိအောင်စဉ်းစားခြင်း၊ ကိုယ်နှင့်ရင်းနှီးခင်မင်သူတစ်ယောက်နှင့် စကားပြောဆိုခြင်း၊ မိမိကိုယ်မိမိ အပြစ်တင်မှု မလုပ်ခြင်း၊ ရှေ့ဆက်ဘာလုပ်မည်ကို plan လုပ်ခြင်း၊ စသည်ဖြင့်ဖြစ်ပါတယ်။
မမေ့ပါနဲ့။ လူတိုင်းဒီလို အခက်အခဲနှင့် တွေ့ကြုံရမှာပါ။ အခက်အခဲက ပြဿနာမဟုတ်ပါဘူး။ မိမိကိုယ်မိမိ ဂရုစိုက်တတ်ဖို့က အရေးကြီးတာပါ။
Share this with your friends if you think this knowledge will be useful for them.