Passion ကိုဘယ်လို မွေးထုတ်မလဲ။

❤️ How do you develop Passion for what you do? ❤️

ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုမလုပ်ရလို့ စိတ်ညစ်နေလား။

Passion ကို ဘယ်လိုမွေးထုတ်မလဲ။

အပေါ်မေးခွန်း ၂ ခုကို အဖြေလိုခြင်ရင် ဒီစာလေးကိုဖတ်သွားပါ (စာဖတ်ချိန် – ၃ မိနစ်)။

❤️ Passion ဆိုတာလူတိုင်းမှာရှိဖို့လိုအပ်ပါတယ်။ မိမိလုပ်နေတဲ့ အလုပ်မှာ Passion ရှိရင်အလုပ်မှာပိုပြီးပျော်လာမယ်။ စိတ်အားထက်သန်လာမယ်။ ကျေနပ်မှုတွေလည်းပိုရလာမယ်။

? ဒီမှာအရေးကြီးတဲ့ အချက်တစ်ခု (ဒါမှမဟုတ်) အများမှားတတ်တဲ့ အယူအဆတစ်ခုက Passion ရှိဖို့ မိမိ ၏ဝါသနာပါတဲ့ အလုပ်ကိုရှာပြီးလုပ်ရမယ်ဆိုတဲ့ အယူအဆပါပဲ။

ကိုယ်ဝါသနာပါတာ လုပ်နေရရင် Passion ဖြစ်ပေါ်စေတယ်ဆိုတာ မမှားပေမယ့် မပြည့်စုံတဲ့ အတွေးအခေါ်တစ်ခုပါ။ ?

? ဘာကြောင့်လဲဆိုရင် Passion ဆိုတာ မွေးထုတ်လို့ရတယ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အတွေးအခေါ်ပညာရှင်များက သေသေချာချာစစ်ဆေးပြီး သုတေသနပြုပြီးဖြစ်သောကြောင့်ပါ။

လူအများစုဟာ ကိုယ်ဝါသနာပါတာကိုပဲ လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ များသောအားဖြင့် အဆင်ပြေတာကိုပဲ လုပ်နေရသူတွေက ပိုများပါတယ်။ သုတေသနတွေအရ ဝါသနာပါတာကို လုပ်ရင် Passion ရှိနိုင်သလို၊ အဆင်ပြေတာကို လုပ်ရင်းလည်း Passion ကိုရယူနိုင်ပါတယ်။

? ဒါဆိုရင် အဆင်ပြေတာကိုလုပ်နေရင်း Passion ကိုဘယ်လို မွေးထုတ်မလဲ။ Research တွေအရ Passion ဖြစ်ပေါ်လာဖို့ အရေးကြီးဆုံးအချက်ကတော့ Mastery လို့ခေါ်တဲ့ ကျွမ်းကျင်မှုပါပဲ။ ဒီအချက်လေးက အရမ်းသဘာဝကျပြီး အရမ်းကောင်းပါတယ်။

ဘာကြောင့်လဲဆိုရင် ဘယ်အလုပ်ကိုမဆို (ကိုယ်ဝါသနာ မပါတဲ့အလုပ်တွေကို လုပ်နေရရင်တောင်) Passion ကိုမွေးထုတ်လို့ရလို့ပါ။

အလုပ်တစ်ခုကို ကျွမ်းကျင်သွားရင် အလိုလိုနေရင်း ချစ်မြတ်နိုးလာတာ လက်တွေ့အရ ဥပမာတွေအများကြီးပါ။ ဒီတော့

❤️ “ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုမလုပ်ရလို့ စိတ်ညစ်မနေပါနဲ့။ ကိုယ်လုပ်နေတဲ့ အလုပ်ကိုဝါသနာပါလာအောင်၊ ကိုယ့်အလုပ်ကို ကျွမ်းကျင်အောင် ကြိုးစားပါ။” ❤️

? ကျွမ်းကျင်မှုနောက်မှာ ပျော်ရွှင်မှုက ကပ်ပြီးလိုက်ပါလာပါတယ်။ ?

မိမိအလုပ်ကို ကျွမ်းကျင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။

Unleashing Greatness In You

Leave a Comment

%d bloggers like this: