ပုံသေမယူပါနဲ့။

ချောင်းသာရောက်တုန်း ထူးထူးဆန်းဆန်းတစ်ခုတွေ့ခဲ့ရတယ်။ ပုံထဲကအတိုင်းပဲ ချောင်းသာမှာ ဇီးဘရားကိုတွေ့လိုက်ရတယ်။

ကျွန်တော်က ဒီဇီးဘရားကို ဘယ်ကရတာလဲလို့မေးတော့ မြင်းထိန်းတဲ့ကလေးက အကို “အဲ့တာမြင်းဖြူ။ ဇီးဘရားမဟုတ်ဘူး။” လို့ ဒါလေးတောင်မသိဘူးလားဆိုတဲ့ လေသံနဲ့ပြန်ဖြေတယ်။

ကျွန်တော်လည်း အံ့သြသွားလို့ မြင်းဖြူကိုဘာလို့ ပုံပျက်အောင်လုပ်ထားတာလဲလို့မေးတယ်။ ကျွန်တော်ကြားဖူးတာက မြင်းဖြူဆိုတာတန်ဖိုးပိုရှိတယ်လို့။

ကလေးကပြန်ဖြေတယ်။ “မြင်းဖြူဆိုရင် လူတွေကဒီမှာမစီးကြဘူး။ နတ်ကိုးကွယ်လို့။ နတ်ကမြင်းဖြူစီးတာ။ ဒါကြောင့်မြင်းဖြူကို ဇီးဘရားလိုလုပ်ထားရတာ။”

သူပြောပြလိုက်တော့မှ ကျွန်တော်လည်းသဘောပေါက်သွားတယ်။ တခါတလေ ကိုယ်မတွေးဘူးတဲ့ ရှုထောင့်တွေအများကြီးရှိတယ်ဆိုတာ။

မြင်းထိန်းကလေးဆီကနေ ရလိုက်တဲ့ သင်ခန်းစာကတော့ ကျွန်တော်တို့ အရာရာတိုင်းကို ပုံသေယူလို့မရဘူးဆိုတာပဲ။ Cultural Intelligence လို့ပဲပြောပြော Context လို့ပဲပြောပြော တချို့အရာတွေဟာ တစ်နေရာမှာမှန်ပေမယ့် နောက်တစ်နေရာမှာမှားနေတတ်ပါတယ်။

မြင်းဖြူတန်ဖိုးရှိတဲ့ နေရာရှိသလို ဇီးဘရားတန်ဖိုးရှိတဲ့နေရာလည်းရှိပါတယ်။

ကျွန်တော်လည်းကြောက်တာနဲ့ မြင်းညိုလေးပဲစီးခဲ့တော့တယ်။

Unleashing Greatness In You

Leave a Comment

%d bloggers like this: