စိတ်ကျန်းမာရေးကို ထိခိုက်စေသော အပြုအမူ ၅ ခု။

နည်းပညာတိုးတက်လာတဲ့ အခုခေတ်မှာ လိုချင်တာကို ခလုတ်တစ်ခုနှိပ်ရုံဖြင့် ရအောင်တော်တော်များများလုပ်နိုင်နေပါပြီ။ ဒါတွေအတွက် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း အများကြီးရှိပါတယ်။ အဆိုးဆုံးကတော့ စိတ်ကျန်းမာရေးအတွက်ပါ။

စိတ်ကျန်းမာရေးကို ထိခိုက်စေသော အလေ့အကျင့် ၅ ခုမှာ

1️⃣ ခန္ဒာကိုယ် လှုပ်ရှားမှုနည်းပါးသွားခြင်း။

? လှုပ်ရှားမှုနည်းပါးသွားခြင်းသည် ခန္ဒာကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေခြင်းကို သုတေသနပေါင်းများစွာမှာ ဖေါ်ပြထားပြီးဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓါတ်တက်ကြွစေသော Endorphins (အန်ဒေါ်ဖင်) ဆိုတဲ့ Chemical ကိုခန္ဒာကိုယ်ထဲမှာ ရှိစေပါတယ်ဟု တွေ့ရှိထားပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပါ။

2️⃣ ကိုယ်မလိုအပ်သောအသုံးအဆောင်ပစ္စည်းများကို ဝယ်ယူခြင်း။

? လူအများစုသည် ကိုယ်လိုအပ်သည့် (Need) ပစ္စည်းထက် ကိုယ်လိုချင်သည့် (Want) ပစ္စည်းများကိုဝယ်ယူကြသည်။ မလိုအပ်ပဲ ပစ္စည်းတွေများလာလျင် စိတ်ဖိစီးမှုလည်း တိုးလာသည်။ ပိုဆိုးလာခြင်းအကြောင်းအရင်းမှာ ရွေးစရာ၊ လိုချင်စရာပစ္စည်းများလည်း ပေါလာသည်။ Social Media ကြောင့် ပြိုင်ဆိုင်မှုတွေလည်းပိုမိုများပြားလာခြင်းတို့ကြောင့်လည်း ပါဝင်ပါတယ်။ ဒါကြောင့်နောက်တစ်ခါ ပစ္စည်းမဝယ်ခင် သေသေချာချာ စဉ်းစားစေချင်ပါတယ်။

3️⃣ အိပ်ချိန်နည်းလာခြင်း။

? အိပ်ချိန်နည်းလာခြင်းသည် စိတ်ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်မှုဖြစ်စေသည်။ အိပ်ချိန်သည် ဦးနှောက်၏ အနားယူချိန်ဖြစ်ပြီး ဦးနှောက်ကို သန့်ရှင်းဆေးကြောချိန်လည်း ဖြစ်ပါတယ်။ အိပ်ချိန်နည်းလာလျင် စိတ်သည်အလိုလို ပင်ပန်းပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။

4️⃣ ဖုန်းသုံးပြီးတစ်ယောက်ထဲနေခြင်း။

? လူဆိုတာအပေါင်းအသင်း အဖွဲ့အစည်းနှင့် နေထိုင်ရသော သဘောသဘာဝရှိပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဖုန်းတွေအသုံးများလာပြီး လူလူခြင်းထိတွေ့ ပြောဆိုဆက်ဆံမှုတွေ နည်းပါးလာပါတယ်။ Online ပေါ်မှာအမြဲ Connected ဖြစ်နေပြီး အပြင်မှာတော့ Connected မဖြစ်နေခြင်းဟာ စိတ်ကျန်းမာရေး အတွက် မကောင်းပါ။ ဒါကြောင့် ဖုန်းတွေဘေးချပြီး လူလူခြင်းပြောဆိုဆက်ဆံပါလို့ အကြံပေးချင်ပါတယ်။

5️⃣ သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့မှုနည်းပါးလာခြင်း။

? မြို့ပြတွေမှာနေသူတွေဟာ သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့မှုနည်းလာပါတယ်။ သဘာဝပတ်ဝန်းကျင်ကလည်း လူရဲ့စိတ်ကို အေးချမ်းစေပါတယ်။ ဒါကြောင့် ခရီးတွေထွက်ပါ တောတွေတောင်တွေကိုလည်း သွားပါလို့ဒီကနေ အကြံပေးချင်ပါတယ်။

နောက်ဆုံးစကားလက်ဆောင်ကတော့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ။ အလေးထားကြပါလို့ ပြောရင်းအပေါ်မှာပေးခဲ့တဲ့ စကားလက်ဆောင်လေးတွေကိုလည်း နုလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Unleashing Greatness In You

Leave a Comment

%d bloggers like this: