??? အရှုံးနှင့် ရင်ဆိုင်ရရင် ဘာတွေလုပ်ရမှာလဲ။ ???

အရှုံးဆိုတဲ့ သဘောတရားက ထူးဆန်းတယ်။ အရှုံးတရားကို ရင်ဆိုင်လိုသူတစ်ယောက်မှ မရှိပါဘူး။ ဒါပေမဲ့ အရှုံးတရားကို မရင်ဆိုင်ဘူးသူလည်း တစ်ယောက်မှ မရှိနိုင်ပါဘူး။ အရေးကြီးတာကက အရှုံးနှင့်ရင်ဆိုင်ရရင် ဘာလုပ်မလဲ ဆိုတာပါပဲ။

(၁) လူတိုင်းကျရှုံးမှုနှင့် ရင်ဆိုင်ရတယ်ဆိုတာကို နားလည်ပါ။
? လူတွေကသူတို့ကျရှုံးမှုတွေကို သူများတွေမြင်အောင်ချပြရဲသူက နည်းပါတယ်။ လူတွေရှေ့မှာ အောင်မြင်နေသူတွေအဖြစ် ဟန်ဆောင်နေသူတွေက များပါတယ်။ ကျရှုံးတယ် မအောင်မြင်ဘူးဆိုတာ ခဏပဲဆိုတဲ့၊ အမြဲမဟုတ်ဘူးဆိုတဲ့ သဘောတရားကို ခေါင်းထဲထည့်ထားဖို့လိုပါတယ်။

(၂) ခဏလောက် စိတ်ကောလူကောကို အနားပေးလိုက်ပါ။
? ဟုတ်ပါတယ်။ တခါတလေကျရှုံးမှုကြီးမားတဲ့အခါ ချက်ချင်းပြန်ထဖို့ဆိုတာမလွယ်ပါဘူး။ အတင်းလည်း ပြန်မထသင့်ပါဘူး။ အဆင်သင့်မဖြစ်သေးရင် အရင်အနားယူသင့်ပါတယ်။ အနားယူလိုက်ပြီး စိတ်ကောလူကော လန်းဆန်းသွားမှ ဘာဆက်လုပ်မယ်ဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။

(၃) အမှားနှင့် အရှုံးထဲက သင်ခန်းစာတွေကို သင်ယူပါ။
? အောင်မြင်မှုက ဆရာကောင်းတစ်ယောက်မဟုတ်ပါဘူး။ ကျရှုံးမှုကတော့ သင်ခန်းစာတွေထုတ်ယူနိုင်ရင် ဆရာကောင်းတစ်ယောက်ပါ။ သေသေချာချာကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပါ။ ဒီလိုအမှားမျိုးကို နောက်တစ်ခါမဖြစ်ရအောင် သင်ခန်းစာတွေ သင်ယူပါ။ ဆရာကောင်းတွေ ရှာဖွေပါ။

(၄) မတ်တတ်ပြန်ရပ်ပြီး ရှေ့သို့လမ်းဆက်လျှောက်ပါ။
? အပေါ်က ၃ ခုကိုလုပ်ခဲ့ ပြီးရင်ဒီနောက်ဆုံးအချက်က ပိုလွယ်ကူပါလိမ့်မယ်။ ပထမတော့ မတ်တတ်ကိုတောင် ခက်ခဲစွာပြန်ရပ်ရမှာပါ။ အဲဒီအချိန်မှာ အကူအညီတောင်းဖို့ကိုလည်း မရှက်ပါနဲ့။ ပြန်ထချိန်မှာ ဘေးကထူပေးဖို့လိုတာ မဆန်းပါဘူး။ ပြန်ထပြီးရင် ရှေ့သို့ဖြေးဖြေးခြင်း ဆက်လျှောက်ပါ။

အရှုံးကို အနိုင်ပြန်ယူနိုင်ပါစေလို့ ဆုတောင်းရင်း ဒီစာကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ပါမယ်။

Unleashing Greatness In You

Leave a Comment

%d bloggers like this: