အမြင်မတူရင် ရန်သူဖြစ်ရောလား။

လုပ်ငန်းခွင်မှာ အများဆုံး ကြုံတွေ့လေ့ရှိတဲ့ အလေ့အထတစ်ခုပါ။ အထူးသဖြင့် senior နဲ့ junior၊ အထက်အောက်ရာထူး၊ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ အ​​​မြင်မတူတာကို မနှစ်သက်တာဟာရာထူး ကြီးငယ် ဘယ်သူ ဘယ်ဝါနဲ့ မသက်ဆိုင်ပါ။ လူတစ်ဦးချင်းစီရဲ့ပင်ကိုယ် စိတ်ခံယူမှုနဲ့ဘဲ သက်ဆိုင်တာပါ။

အထူးသဖြင့် လုပ်ငန်းနဲ့ပတ်သက်တဲ့ အစည်းအဝေး၊ ဆွေးနွေးတိုင်ပင်ခြင်း၊ အလုပ်တွဲလုပ်ခြင်းတွေ အပေါ် ကိုယ့်အမြင်နဲ့ ဆန့်ကျင်လျင်မတူလျင် မနှစ်မျိူ့တတ်ကြပါဘူး။ ကိုယ့်ကို ဆန့်ကျင်တယ်၊ လေးစားမှုမရှိဘူးလို. တွေးထင်တတ်ကြတယ်။ တစ်ချိူ့ကြပြန်တော့ မိမိတွေးတာအမှန်ဆုံးလို့ ခံယူတတ်ကြတယ် အခြားသူတွေကို အထင်သေးခြင်းပေါ့။ တနည်းအားဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်း ဒါမှမဟုတ် အထင်ကြီးလွန်းခြင်းကြောင့်လည်းဖြစ်ပါတယ်။

အခုခေတ်စီးပွားရေးနယ်ပယ်မှာ ထိုးထွင်း ဖန်တီး တီထွင်နိုင်တဲ့ အရည်အချင်းဟာ (creative thinking skills) အလွန်ကိုလိုအပ်လို့လာပါတယ်။ စက်မှု လက်မှု၊ နည်းပညာ၊ လုပ်ငန်းထုံးတမ်းဓလေ့တွေ၊ တွေးခေါ် ယူဆမှုတွေဟာ အချိန်နဲ့ တပြေးညီ တိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာ ဒီ creative thinking skills က အဖွဲ့အစည်းတိုင်းအတွက် အလွန်ကို အရေးပါလို့နေတယ်။ ဈေးကွက်စီးပွားရေး ထိုးဖောက်နိုင်ဖို့အတွက်၊ လုပ်ငန်းတွင်း ဝန်ဆောင်မှုဆိုင်ရာ၊ ဝန်ထမ်းရေးရာဆိုင်ရာ ပြသနာများစွာကို ဖြေရှင်းဖို့ ပိုမိုကောင်းမွန်ဖို့ရန်အတွက် မတူညီတဲ့ အတွေး အမြင်တွေ (different ideas)၊ ရှုထောင့်တွေ (different perspectives) များစွာလိုအပ်ပါတယ်။

ဆိုတော့ စောစောကပြောတဲ့ အမြင်မတူလျင် ရန်သူလို့ သတ်မှတ်တာဟာ ဝန်ထမ်းတွေရဲ့ မတူညီကွဲပြားစွာ တွေးမြင်နိုင်တဲ့ အရည်အချင်းကို ကန့်သတ်သလို ဖြစ်စေပါတယ်။ အဖွဲ့အစည်းအတွက်လည်း ကောင်းမွန်တဲ့ စိတ်ကူး အတွေးအခေါ်တွေ များစွာ ဆုံးရှုံးစေပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေကို ၎င်းတို့ရဲ့ တွေးထင် ယူဆချက်တွေကို ပွင်းလင်းရဲဝင့်စွာ ပြောဆိုနိုင်မဲ့ အခွင်းအလမ်း လမ်းကြောင်းတွေ ဖွင့်ပေးဖို. လိုပါတယ်။ ထို့အတူ ၎င်းတို့ရဲ့ အမြင်တွေကိုလည်းလေးစားတတ်ဖို့ လိုအပ်တယ်။ ဒါဟာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်တွင်း စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်မှု (employee engagement)ကိုလည်း တိုးစေမှာဖြစ်ပါတယ်။ ဒါမှ အဖွဲ့အစည်းအတွင်း တစ်ဦးချင်းအလိုက်ဖြစ်စေ၊ team အလိုက်ဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ ပိုမိုတိုးတက်ကောင်းမွန်တဲ့ လုပ်ငန်းခွင် အလေ့အထ၊ အခွင့်အလမ်းတွေကို ဖန်တီးစေမှာပါ။

ကိုယ်နဲ့ အမြင်မတူတိုင်း ကိုယ့်ရန်သူမဟုတ်ပါ…ကိုယ့်အခွင့်အလမ်းပါ…။

Unleashing Greatness In You

Leave a Comment

%d bloggers like this: