? အရှုံးမပေးပဲ စိတ်ဓါတ်ကြံ့ခိုင်တဲ့ လူတွေမှာရှိတဲ့ အပြုအမူ ၆ခု။ ?

?Self-Motivated :
စိတ်ဓါတ်တက်ကြွမှုနှင့် ပြင်းပြမှုတို့ဟာ ကိုယ့်စိတ်ထဲကလာတယ်။ သူများပြောလို့လုပ်တာမျိုး၊ လိုချင်တာမျိုးမဟုတ်။ သူများအားပေးမှုလည်း မလိုအပ်။ ကိုယ့်ကိုယ်ကိုယ် အားပေးနိုင်တယ်၊ အားပေးတယ်။
?လိုအပ်သောအရည်အချင်း : Self-Awareness

?Learn from failures :
အမှားလုပ်မိရင် စိတ်ဓါတ်မကျပဲ အမှားထဲက သင်ခန်းစာကိုအမြဲယူတတ်တယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်၊ စိတ်ညစ်နေတာထက်၊ အခြေအနေ ပိုပြီးကောင်း မယ်ဆိုတာကို ယုံကြည်တယ်။
?လိုအပ်သောအရည်အချင်း : Positive Thinking

?Find alternative solutions :
အခက်အခဲကြုံတွေ့လာရင် ဖြတ်ထိုးစဉ်းစားဉာဏ်ဖြင့် မတူသော ထူးခြားသော နည်းလမ်းသစ်များကို ရှာဖွေနိုင်စွမ်းရှိတယ်။
?လိုအပ်သောအရည်အချင်း : Creativity

?Seek help from others :
သူများကို အကူအညီတောင်းဖို့ကို မရှက်ဘူး။ မသိတဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းမေးတတ်ပြီး ကိုယ့်ထက်သိသူတွေဆီက လေ့လာမှုတွေပြုလုပ်တယ်။
?လိုအပ်သောအရည်အချင်း : Humility

?Manage difficult situations calmly : ပြဿနာကိုရင်ဆိုင်ရရင် စိတ်ကိုအေးအေးဆေးဆေးထားပြီး စဉ်းစားနိုင်စွမ်းရှိတယ်။ ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်။
?လိုအပ်သောအရည်အချင်း : Self-Control

?Open to new experiences :
စိတ်ဝင်စားမှုရှိပြီး မသိသေးသော ပညာ၊ အတွေ့အကြုံ၊ အတွေးအခေါ်တွေကို စဉ်းစားပြုလုပ်ဖို့ အမြဲကြိုဆိုနေတယ်။
?လိုအပ်သောအရည်အချင်း : Curiosity

အရှုံးမပေးတဲ့ စိတ်ဓါတ်ဟာ လူတွေရဲ့တစ်ဘဝလုံးအတွက် အရေးကြီးဆုံးအရည်အချင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းဟာ ကျဆုံးခြင်း၊ မအောင်မြင်ခြင်းနှင့် အခက်အခဲများစွာကို ရင်ဆိုင်ရမှာပါ။ ဒီလိုရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်လိုတုန့်ပြန်လဲ ဆိုတာကလူတစ်ဦးနှင့်တစ်ဦးကို မတူတဲ့လမ်းတွေပေါ်ဆွဲခေါ်သွား ခြင်းထဲမှာ အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။

ဒီအရည်အချင်းတွေကို မွေးထုတ်ပေးခြင်းကို Social and Emotional Learning (#SEL) လို့ခေါ်ပါတယ်။ ဒါကြောင့်လည်း အခုအချိန်မှာ တစ်ကမ္ဘာလုံးမှာ SEL ကိုအလေးပေးပြီး သင်ပေးနေကြတာပါ။

မြန်မာပြည်မှာလည်း SEL ကို FranklinCovey Education Myanmar က စတင်၍ မိဘများ၊ ဆရာ/ဆရာမများနှင့် လူငယ်များ နားလည်သဘောပေါက်ပြီး ကျင့်သုံးလာအောင် ကျောင်းများ၊ သက်ဆိုင်ရာလူကြီးများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

လူငယ်များအတွက် ဒီလိုသင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါတယ်။ အသေးစိတ်သိလိုပါက ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Unleashing Greatness In You

Leave a Comment

%d bloggers like this: