ဘဝဆိုတာ B, C & D

တခါက မြေးလေးနဲ့ သူ့အဘိုးအိုဟာ အိမ်ရှေ့မှာ နှစ်ယောက်သားထိုင်နေတယ်။ အဘိုးအိုကတော့ သတင်းစာအဟောင်းလေးတွေကို ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပြီးဖတ်နေတယ်။ သူ့မြေးလေးကတော့ အဘိုးအိုနဲ့ မနီးမဝေးမှာ ကားလေးတွေတွန်းပြီးဆော့နေတယ်။ အဲဒီမြေးလေးကအရမ်းစကားတတ်ပြီး မေးခွန်းတွေလည်းအရမ်းမေးတတ်တယ်။

မြေးလေးက အဘိုးအိုနားကပ်လာပြီး…
မြေး ။ ဘိုးဘိုး ဘဝ (Life) ဆိုတာဘာလဲ။
အဘိုးလည်း ရုတ်တရက် လေးနက်တဲ့ မေးခံလိုက်တော့ အံ့အားသင့်သွားတာပေါ့။ သူတွေးမိတွေးရာဖြေမိလိုက်တယ်။

အဘိုး ။ ဘဝ (Life) ဆိုတာ B နဲ့ D ကြားမှာရှိတယ် မြေးရဲ့။
အူကြောင်ကြောင်ဖြစ်သွားတဲ့ မြေးကထပ်မေးတယ်။
မြေး ။ B နဲ့ D ကဘာလဲ ဘိုးဘိုးရဲ့။ သားသားကိုပြောပြပါအုံး။
အဘိုး ။ B ဆိုတာက မွေးဖွားခြင်း (Birth). D ဆိုတာက သေဆုံးခြင်း (Death). ဘဝဆိုတာ မေးဖွားခြင်းနဲ့ သေဆုံးခြင်း ကြားမှာရှိတယ်။ (Life is between Birth and Death.)
မြေး ။ B နဲ့ D ကြားမှာ C လဲရှိတယ်လေ။
အဘိုး ။ ဟုတ်တယ်။ မြေးလေးတော်တယ်။ ဘဝဆိုတာ C လေးတွေနဲ့ ဆောက်တည်ထားတာ။ C ဆိုတာက အပြောင်းအလဲ Changes ကိုပြောတာ။ လောကကြီးမှာ အမြဲတမ်း ဖြစ်နေတာ သေချာတာဆိုလို့ အဲဒီပြောင်းလဲမှုဆိုတာပဲရှိတာ။ (The only constant in life is change.)
မြေး ။ နောက်ထပ်ကော ဘိုးဘိုး။
အဘိုး ။ ပြောင်းလဲမှုတွေ (Changes) ကြောင့် စိန်ခေါ်မှုတွေ (Challenges) ဆိုတာဖြစ်လာတယ်။ အဲဒီ စိန်ခေါ်မှုတွေ (Challenges) တွေကိုရင်ဆိုင်နိုင်ဖို့အတွက် ရွှေးချယ်မှုတွေ (Choices) ကိုပြုလုပ်ရတယ်။ နောက်ပြီးတော့ အပြောင်းအလဲတွေ အရှုံးတွေ အမှားတွေနဲ့တွေ့ရင် ကိုယ့်ကိုကိုယ် အားပေးတပ်အောင်နဲ့ ခံယူချက်မှန်ကန်အောင်သိထားဖို့လဲလိုတယ်။ အဲဒါကိုတော့ Cope လုပ်တယ်လို့ခေါ်တယ်။ အဲတော့ ဘဝဆိုတာ B နှင့် D ကြားက C လေးတွေနဲ့တူတာပေါ့။ ရှင်းပြီလားမြေးလေး။
အဘိုးအိုလည်း ဝမ်းသာအားရ ရှင်းပြပြီး ဂုဏ်ယူသော အပြုံးနဲ့သူမြေးလေးကို လှည့်ကြည့်လိုက်ပါတယ်။
သူ့မြေးလေးကတော့ ခွေခွေလေးဘေးနားမှာ အိပ်ပျော်နေတာကိုတွေ့ရပါတယ်။
************************************************
B ———- (Life) ———— D
Birth —– (Life) —– Death
B ———- C ———— D
Life = Changes, Challenges, Choices, Coping & etc…
ဘဝဆိုတာပြောင်းလဲမှုတွေ တစ်ခုကနေ နောက်တစ်ခုသို့ အမြဲကူးပြောင်းနေတတ်တယ့် သဘောကိုဆောင်ပါတယ်။
တခါတလေ ကောင်းတာတွေရှိသလို တခါတလေတော့ပြောင်းလဲမှုဆိုးတွေနဲ့ ရင်ဆိုင်ရမှာပါ။ အဲဒီလိုအဆိုးတွေနဲ့ ရင်ဆိုင်ရတယ့်အခါမှာ များသောအားဖြင့် ကိုယ့်ရဲ့ခံယူချက်တွေကြောင့်ဖြစ်စေ ပတ်ဝင်းကျင်ရဲ့ ကူညီပံ့ပိုးမှုကြောင့်ဖြစ်စေ ရင်ဆိုင်ဖို့ ခွန်အားတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ တခါတလေတော့ ကိုယ့်မှာခွန်အားတွေမရှိတော့တာ မရင်ဆိုင်ရဲတာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါလည်း သဘာဝပါပဲ။

Unleashing Greatness In You

Leave a Comment

%d bloggers like this: