နားထောင်တတ်သူ ဖြစ်ပါစေ။

ရွှန်းရွှန်းဝေအောင် စကားပြောကောင်းသူ
တစ်ယောက် ပွဲစားဘဝနဲ့အသက်မွေးတာ
တွေ့ဘူး ကြုံခဲ့ဘူးတယ်။
အဲဒီစကားပြောကောင်းသူရဲ့ ပြောစကား
တွေကို သေသေချာချာနားထောင်တတ်ပြီး
အောင်မြင်နေတဲ့သူတစ်ယောက်ကို တွေ့ခဲ့
ဘူးတယ်။ စကားအများကြီးပြောသူထက်
နားထောင်တတ်သူက ပိုအောင်မြင်ကြတာ
တွေ့ဘူးကြမှာပါ။
စွမ်းရည်နှစ်မျိုးစလုံးက လူကိုသက်ရောက်မှု
ကွဲပြားစေပါတယ်။
လူတွေဟာ စကားတတ်သူထက် သူတို့
ပြောစကားကို သေသေချာချာ နားထောင်
တတ်ပြီး စကားဆုံးတာနဲ့ချက်ခြင်းတုံ့ပြန်
မပြောတတ်သူကို ပိုပြီးသဘောကျတတ်တယ်။
နားထောင်ပေးသူကို ပိုပြီးတော့လည်း ခင်မင်
တတ်ကြတယ်။
လူတွေရဲ့ခင်မင်သဘောကျမှုကို သင်ပိုပြီး
လိုချင်တယ်ဆိုရင်တော့ စကားနားထောင်တဲ့
ဓလေ့ကို ပျိုးထောင်ကြည့်ပါလေ။ သေသေချာချာ နားထောင်လေ ပိုပြီးအောင်မြင်မှုရှိလာလေလေ ဆိုတာ ကိုယ်ကိုယ်တိုင် စမ်းသပ်ကြည့်ပါက ပိုပြီး သိလာပါလိမ့်မယ်။
နားထောင်တဲ့အခါမှာလဲ Habit 5 မှာပြောတဲ့အတိုင်း စကားလုံးတွေကိုပဲနားမထောင်ဘဲ စကားလုံးတွေရဲ့နောက်ကွယ်က ခံစားချက်တွေ၊ အတွေးတွေကို ကြားအောင်နားထောင်ပေးမယ်ဆိုရင်တော့ အပြန်အလှန်နားလည်မှုတွေတိုးတက်လာပြီး ဆက်ဆံရေးပိုမိုကောင်းမွန် လာမှာပဲဖြစ်ပါတယ်။
ကျေးဇူးပါ။

ဗန်းမော်သိန်းဖေ
အသေးအဖွဲလေးတွေနဲ့စိတ်ညစ်မနေပါနဲ့
စာအုပ်မှ ကောက်နုတ်သည်။

Unleashing Greatness In You

Leave a Comment

%d bloggers like this: