How to make students more creative?

ကျောင်းသူ/သားတွေကို ပိုပြီးစဉ်းစားတွေးခေါ်စေချင်ရင် ဒီမေးခွန်း ၄ ခု ကိုအမြဲမေးပါ။

ကျောင်းတွေမှာသင်ရတာ WHAT တွေများပါတယ်။ WHAT ဆိုတာက ဘာတွေ ဆိုတဲ့သဘောကိုပြောပါတယ်။ ဥပမာ Climate Change ဆိုတာဘာလဲ။ Electricity ဆိုတာဘာလဲ။ ဒါမျိုးတွေပါ။ ဒီ WHAT မေးခွန်းတွေက အခုခေတ်မှာ အသုံးမဝင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Internet ထဲမှာ အလွယ်တကူ ရှာလို့ရနေလို့ပါ။

ဒါဆို ကျောင်းသား/သူတွေကို ဘယ်လိုမေးခွန်းတွေ မေးရမှာလဲ။

(၁) HOW & WHY မေးခွန်းတွေများများမေးပါ။

ဘယ်လိုနဲ့ ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတွေပါ။ အပေါ်က ဥပမာကိုဆက်သုံးရမယ်ဆိုရင်။ Climate Change ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဘာကြောင့် Climate Change ဖြစ်လာတာလဲ။ ဒီမေးခွန်းတွေက အလွယ်တကူ အဖြေမရှိပါဘူး။ Internet မှာရှာရင်တောင် ရလာနိုင်တဲ့ အဖြေတွေက မတူနိုင်ပါဘူး။ ဒါဆိုရင် ကျောင်းသား/သူတွေ ကတွေးရတော့မယ်။

(၂) ဒါကိုဘယ်လိုသက်သေပြမလဲ။

ဒီမေးခွန်းကလည်း အရေးကြီးတဲ့ မေးခွန်းပါ။ ဥပမာ Climate Change ဖြစ်နေတာကို ဘယ်လိုသက်သေပြမလဲ။ သင်္ချာမှာ ဟိုဘက် ဒီဘက် တူကြောင်း သက်သေပြရတာလွယ်ကူပါတယ်။ ဒါပေမဲ့ လူ့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အရာတွေက သက်သေပြရတာပိုခက်ပါတယ်။ ဒီမေးခွန်းကိုစဉ်းစားရင်း အဖြေရှာရင်း လူငယ်တွေ ပိုပြီးတွေးတတ် စဉ်းစားတတ်လာမှာပါ။

(၃) ကိုယ်နဲ့ အခြေအနေမတူတဲ့ သူတွေကကောဘယ်လိုတွေးမလဲ။

ဒီမေးခွန်းက ကျောင်းသား/သူတွေကို သူများအမြင်ကိုစဉ်းစားမိအောင် မမေ့အောင်မေးတဲ့ မေးခွန်းပါ။ အမြင်ဆိုတာ ၁ ဖက်တည်း ၁ ခုတည်းရှိတာ မဟုတ်ဘူးဆိုတာ လူငယ်တွေ သိထားဖို့လိုပါတယ်။

(၄) နောက်ဆုံးမေးခွန်းကတော့ ပြသနာကို ဘယ်လိုဖြေရှင်းမလဲ။

ဒီမေးခွန်းကိုမေးခြင်းအားဖြင့် (၁) သူတို့က စဉ်းစားတွေးခေါ်ရတော့မယ်။ နားထောင်နေတာပဲမဟုတ်တော့ဘူး။ (၂) သူတို့မှာလည်း တာဝန်ရှိတယ်ဆိုတာကို သိလာမယ်။

မိဘတွေ ဆရာ/မတွေအားလုံး မိမိသင်ကြားပေးနေရတဲ့ ကျောင်းသား/သူများအားလုံးကို ဒီမေးခွန်း ၄ ခု အမြဲမေးပြီး သူတို့ရဲ့ အတွေးအခေါ်တွေကို တူတူမြှင့်တင်ပေးကြပါလို့ လေးစားစွာအကူအညီတောင်းဆိုချင်ပါတယ်။

Unleashing Greatness In You

Leave a Comment

%d bloggers like this: