What are your Paradigms?
Paradigm (ကိုယ့်ရဲ့အမြင်)များကိုမပြောင်းလဲပဲနဲ့……….
သင့်ကိုယ်သင်ရော……
သူတပါးတွေကိုရော……
သင်ချစ်တဲ့သူ၊ မုန်းတဲ့သူတွေရော……
သင်ပတ်ဝန်းကျင်ရော…..
ဘာတခုကိုမှပြောင်းနိုင်မှာမဟုတ်ပါဘူး……
Paradigm တွေကိုမပြောင်းဘဲ
သင့်ကိုယ်သင်ပြောင်းဖို့ကြိုးစားနေတယ်ဆိုရင်……….
သူတပါးကိုပြောင်းလဲဖို့ကြိုးစားနေတယ်ဆိုရင်……..
ချစ်ခင်ဖို့ကြိုးစားနေတယ်ဆိုရင်…..
မုန်းနေတာတွေကိုမေ့ဖို့ကြိုးစားနေမယ်ဆိုရင်…..
ပတ်ဝန်းကျင်ကိုပြောင်းလဲဖို့ကြိုးစားနေတယ်ဆိုရင်…….
အောင်မြင်ထိရောက်ပြီးခိုင်မြဲတဲ့ပြောင်းလဲမှုတွေကိုပြုလုပ်နိုင်ဖို့အင်မတန်ခဲယဉ်းပါလိမ့်မယ်…..
“If you want to make minor changes in your life, work on your behavior. But if you want to make significant, quantum breakthroughs, wok on your paradigms.”
-Stephen R.Covey
Common Paradigm လောက်ပဲမြင်တက်တက်သူတွေကတော့ ထိရောက်အောင်မြင်တဲ့အဆင့်အထိပြောင်းလဲအောင်မဖန်တီးနိုင်ပါဘူး၊ ကိုယ့်ဘာသာသတ်မှတ်ထားတဲ့အတိုင်းအတာကျော်လွန်သွားရင်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကစေ့ဆော်မှုတွေကြောင့်ဖြစ်ဖြစ် သက်ရောက်မှုတွေပြင်းထန်လာခဲ့ရင် ခဏချင်းပျက်ပြယ်သွားနိုင်ပါတယ်။
ဒါကြောင့်ဘာကိုပဲပြောင်းချင်ချင် Emotion တွေ ၊ Behavior တွေ ကိုအရင်မပြောင်းဘဲ သင့်ရဲ့အမြင် ရှုထောင့်ကိုပြောင်းကြည့်ပါ။ တကယ်နားလည်သဘောပေါက်မှုနဲ့ပြောင်းလဲတဲ့ Effective Paradigm ရှိမှသာ ခိုင်မြဲထိရောက်တဲ့ပြောင်းလဲမှုကိုရရှိနိုင်ပါတယ်။
ဒါကြောင့်ကောင်းတဲ့အကျင့်တခုကိုရချင်တာပဲဖြစ်ဖြစ်၊ ဆိုးတဲ့အရာတစ်ခုကိုဖျောက်ချင်တာပဲဖြစ်ဖြစ်၊ ကိစ္စတစ်ခုကိုပြေလည်စေချင်တာပဲဖြစ်ဖြစ်၊ ပြသာနာတစ်ခုကိုရှုမြင်သုံးသပ်ရတာပဲဖြစ်ဖြစ် ထိရောက်မှန်ကန်တဲ့အမြင်ရှုထောင့်(Effective Paradigm)ကသာ သင့်ဆုံးဖြတ်ဆုံးဖြတ်ချက်နဲ့ နေထိုင်မှုတွေပြောင်းလဲမှန်ကန်အောင်ပြုလုပ်ပေးနိုင်ပါတယ်။
Paradigm တွေမှန်ကန်အောင်နေထိုင်ဖို့ကတော့ …
1. Common Paradigm နဲ့ Effective Paradigm တွေကိုကွဲပြားစွာသိထားရမယ်။
2. Principles of Effectiveness.. တွေသိထားရမယ်
3. Highly Effective Practices တကယ်ထိရောက်စွာလက်တွေ့အသုံးချလေ့ကျင့်ရမယ်။
ဒါမှသာမှန်ကန်ပြီးတည့်မတ်တဲ့ Paradigm တွေကိုအမြဲတည်ဆောက်နိုင်မှာပါ။
ဒါကတော့ 7 Habits ထဲက Foundation ထဲကအချက်လေးတစ်ခုပဲရှိပါသေးတယ်။ Habit-7 ခုလုံးကိုသာလေ့လာကျင့်သုံးကြည့်မယ်ဆိုရင် Effective Person တစ်ဦးဘယ်လိုဖြစ်လာမလဲဆိုတာကတော့မေးစရာတောင်မလိုလောက်ဘူးထင်ပါတယ်။
ကမ္ဘာပေါ်ကအတော်ဆုံးဆိုတဲ့ခေါင်းဆောင်တိုင်းရဲ့အပြုအမူ၊ အတွေးအခေါ်၊ ရှုမြင်ပုံတွေဟာ 7 Habit နဲ့ဘယ်တော့မှသွေဖယ်မသွားတာကိုသင်သာ 7 Habit for Highly Effective People အကြောင်းသိခဲ့ရင်တော့ဒါကိုကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ Leader in me School ကျောင်းကကျောင်းသားတွေကတော့ KG ကနေ အထက်တန်းအထိဒီ Habit တွေကို နေ့တိုင်း သင်ကြားလေ့ကျင့်အသုံးချခွင့်ရနေကြတာဖြစ်လို့ Leader in Me School တွေကကလေးတွေနဲ့မိဘတွေကတော့အရမ်းကိုကံကောင်းတယ်လို့ခံစားဝမ်းသာနေကြရပါတယ်။
သင့်ကလေးတွေရော……
7 Habits ထဲက Habit ဘယ်နှစ်ခုကိုသိထားပါသလဲ၊ ဘယ် Habit ကိုအကြိုက်ဆုံးလဲ၊ ဘယ်ဟာကိုအသုံးချနေပြီလဲ….??