ဆုတွေ..လက်ဆောင်တွေရတယ်ဆိုလို့ရှိရင်..လူတိုင်းပျော်ရွှင်တတ်ကြပါတယ်
ကျွန်မမှာ..ကိုယ့်ကိုယ်ကိုလက်ဆောင်ပြန်ပေးလိုက်ဦးမယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ဒီနေ့..ငါ့မွေးနေ့ ငါ့အတွက် လက်ဆောင်ပြန်ပေးရဦးမယ်၊ ဒီနေ့ကတော့ဘာနေ့မလို့ ငါ့ကိုယ်ငါ ဂုဏ်ပြုရဦးမယ်၊ ဒီပစ္စည်းလေးကတော့ ငါ့ကိုယ်ငါဆုချထားတာ သူကအဲလိုမျိုးလေးတွေပြောတတ်တယ်။
အဲလိုမျိုးတွေပြောတော့ကျွန်မက
“ဟယ်.. ကြောင်လိုက်တာလို့” ဖြစ်ခဲ့မိဖူးတာကိုဝန်ခံပါတယ်။ ဒါပေမယ့် Reward Yourself ကိုယ့်ကိုယ်ကိုဆုချဖို့ဆိုတာ တကယ်လိုအပ်ပါလားလို့ အခုနောက်ပိုင်းတော့ လက်ခံလာမိပါတယ်။
You should always reward yourself for achieving anything.
အောင်မြင်မှုတစ်ခုကိုရတိုင်း ရတိုင်းမှာ ကျွန်မတို့ဟာကိုယ့်ကိုယ်ကို ဆုချသင့်ပါတယ်၊ ဂုဏ်ပြုသင့်ပါတယ်၊ အသိမှတ်ပြုသင့်ပါတယ်၊ လက်ဆောင်လည်းပေးသင့်ပါတယ်။
အဲဒီ အောင်မြင်မှုဟာ အသေးလေးပဲဖြစ်ချင်ဖြစ်မယ် အကြီးကြီးလည်း ဖြစ်ချင်ဖြစ်မယ်
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအသိအမှတ်ပြုပေးဖို့လိုပါတယ်။
ကိုယ့်ကိုကိုယ် ဆုချတယ်ဆိုတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့ ကိုယ်သိပ်ကြိုက်တဲ့ဟင်းပွဲတစ်ပွဲကို စားလိုက်တာမျိုး၊ ကိုယ်သိပ်ကြိုက်တဲ့သောက်စရာတစ်မျိုးကို သောက်လိုက်တာမျိုး၊ ရုပ်ရှင်ကြည့်တာ၊ ဈေးဝယ်ထွက်တာ၊ ခရီးထွက်တာ စသည်ဖြင့် နည်းများမဆို ကိုယ်ကြိုက်တာလေးတွေကိုလုပ်ပြီး ဆုချသင့်ပါတယ်။
ကျွန်မဆိုရင် တစ်နေကုန်အလုပ်လုပ်ပြီးမောပန်းရတဲ့နေ့ အကြိုက်ဆုံးရုပ်ရှင်တစ်ပိုင်းကို အမြဲကြည့်တယ်။
စာအုပ် တစ်ခန်းပြီးအောင် ရေးနိုင်တဲ့နေ့မှာ ရေခဲမုန့်တစ်ခုစားတယ်။
ကလေးတွေ စာမေးပွဲ နောက်ဆုံးနေ့မှာ
ကစားကွင်းသွားကြ၊ ရုပ်ရှင်သွားကြသလိုပါပဲ။
အောင်မြင်မှုသေးသေးလေးတွေဆိုရင်တောင် ကျမတို့က ဒီလိုမျိုး ဆုချပေးသင့်ပါတယ်။
ဒီလိုလုပ်ပေးခြင်းအားဖြင့်ကျွန်မတို့ရဲ့ လုပ်နေတဲ့အလုပ်ပေါ် အာရုံစူးစိုက်မှုကို ပိုပြီးရှင်သန် တက်ကြွစေမှာဖြစ်ပြီး နောက်ထပ်၊ နောက်ထပ်အောင်မြင်မှုတွေကို ဆက်ပြီးရောက်လာအောင် ကြိုးစားချင်စိတ်ကိုလည်း ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။
Long term achievement and happiness
ရေရှည် အောင်မြင်မှုနဲ့ ပျော်ရွှင်မှုကို
ရချင်တယ်ဆိုရင် အောင်မြင်မှုအသေးလေးတွေကိုလည်း မေ့လျော့ မထားသင့်ပါဘူး။
သတိထားမိပါရဲ့လား ကျွန်မတို့ဟာသူငယ်တန်းအရွယ်လောက်ကတည်းကစပြီး၊အချိန်မှီပြီးရမယ် ဆိုတဲ့Deadlineတွေနဲ့ အလုပ်လုပ်ခဲ့ကြရပါတယ်။ ကျွန်မတို့မှာဖိအားပေးမှုတွေရှိပါတယ်
နေ့စဉ်နဲ့အမျှ ရှိခဲ့ပါတယ်။
ကလေးတွေဆိုပြီး စိတ်ဖိစီးမှုတွေမရှိဘူးလို့မထင်ပါနဲ့။ ကျောင်းကပေးလိုက်တဲ့အိမ်စာတွေပြီး
အောင်လုပ်ရမှာ၊ သင်္ချာတွေတွက်ရမှာ၊ စာမေးပွဲတွေဖြေရမှာ အဲဒါတွေအားလုံးဟာ deadline တွေဖြစ်ပါတယ်။
အတန်းတွေအောင်လာရဖို့ ဘွဲ့တွေရဖို့ အလုပ်ကိုင်ကောင်းတွေရဖို့ ဒါတွေအားလုံးဟာကျွန်မတို့ရဲ့လူကြီးဘဝထိ deadlineနဲ့အညီ ကြိုးစားအားထုတ်ခဲ့ရတဲ့ အရာတွေပဲဖြစ်ပါတယ်။
ဆယ်တန်းအောင်ရမဲ့ကျောင်းသားတစ်ယောက်ဟာ အဲဒီနှစ်မှာဆယ်တန်း မအောင်ခဲ့ဘူးဆိုရင် သူ့ရဲ့စိတ်ထဲမှာ ဆုံးရှုံးမှုတစ်ခုလို ခံစားသွားရတတ်ပါတယ်။
အဲဒီလိုပဲ အလုပ်ရသင့်တဲ့အရွယ်မှာမရသေးတဲ့လူတစ်ယောက်ဟာ အလုပ်ရှာရင်းရှာရင်းနဲ့ပဲ စိတ်ဖိစီးမှုတွေဖြစ်လာရတတ်ပါတယ်။
အောင်တယ် မအောင်ဘူး၊
အလုပ်ရတယ် မရဘူး ဆိုတာတွေထက်
ကြိုးစားနေတယ်၊ လုပ်နေတယ် ဆိုတာက ပိုပြီး အဓိကကျပါတယ်။
နေ့စဉ်ကြိုးစားသွားသမျှ အောင်မြင်မှုတွေလေးတွေကို အသိမှတ်ပြုပြီး ပျော်ရွှင်တတ်မယ်ဆိုရင် တဖြည့်ဖြည်းတော့ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်သွားမှာပါပဲ။
Success Cycle က
တစ်စုံတစ်ခုကို ရဖို့ ကြိုးစားတယ် (Action).
သိသာတဲ့ ရလာဒ်တွေမြင်လာရတယ်
(Result).
ကိုယ့်ကြိုးစားမှုကို ကိုယ်အသိအမှတ်ပြု..ဂုဏ်ပြုပြီး ပျော်ရွှင်တယ်
(Celebrate your small wins and reward yourself).
သိသာလာတဲ့ ရလာဒ်တစ်ခုအပေါ်မှာ..ကျေနပ်ပျော်ရွှင်ရင်း..
ကိုယ့်ကိုကိုယ်..ဆုပေးသင့်တာပေါ့
ဂုဏ်ပြုသင့်တာပေါ့..
လို့ ဖြစ်မိတယ်..
ကိုယ့်ရဲ့သည်းခံမှုတွေအတွက်၊
စိတ်ရှည်မှုတွေအတွက်၊
အပင်ပန်းခံခဲ့ရတာတွေအတွက်၊
Reward Yourself.
မွန်ဟော်စီ
၂၀၂၀ ဇွန်
#RewardYourself မှ ကောက်နုတ်ဖော်ပြသည်။