ခုအချိန်မှာ စာသင်ကျောင်းတွေက ပိတ်ထားဆဲ ဖြစ်တဲ့ အတွက် ကျောင်းသားလေးတွေကတော့ အိမ်မှာပဲ နေရဆဲဖြစ်ပါတယ်။
မိဘတွေအနေနဲ့ကတော့လုပ်ငန်းခွင်ပြန်ဝင်နေရပြီ ဖြစ်တဲ့အတွက် ကလေးတွေ ဘေးနားမှာ အချိန်ပြည့် မနေနိုင်တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။
အပြင်ထွက် ကစားခွင့်လည်း မရသေး ကျောင်းလည်းမရသေးတဲ့အတွက် ကလေးငယ်တွေရဲ့ အဖော်ဟာ game တွေနဲ့ social media ပဲ ဖြစ်လာပါတယ်။
ဒီအတွက်ကြောင့် မိဘတွေ အနေနဲ့ မိမိတို့ရဲ့ သားသမီးလေးတွေ game အလွန်အကျွံ စွဲနေပြီလား ဆိုတာ သတိထားမိဖို့ လိုအပ်ပါတယ်။
ကလေးရဲ့ နေ့စဉ် စာေးသာက်ချိန်တွေ မမှန်တော့ဘူးဆိုရင်..
ညဖက်တွေမှာ အရမ်းနောက်ကျပြီးမှ အိပ်ရာဝင်မယ်ဆိုရင်…
မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ အပြင်မှာ ဆက်သွယ်ပြောဆိုမှုတွေ မရှိတော့ဘူး ဆိုရင်…
မိဘက game ကစားခြင်းကို ရပ်ဖို့ ပြောတဲ့အခါမှာ စိတ်တို ပြန်အော်တာတွေ ပြုလုပ်မယ်ဆိုရင်…
Game အနိုင်အရှုံးပေါ်မူတည်ပြီး ဒေါသထွက် ဝမ်းနည်း ပျော်ရွှင်စတဲ့ စိတ်ခံစားချက်တွေ အလွန်အကျွံဖြစ်နေမယ်ဆိုရင်…
ရရှိတဲ့ မုန့်ဖိုးငွေတွေကို game မှာ အထောက်အကူပြုစေဖို့ သုံးစွဲနေမယ်ဆိုရင်…
Game မှာ လိုချင်တဲ့ level မရောက်မချင်း နာရီပေါင်းများစွာ ဆက်တိုက် ဆော့ကစားနေမယ် ဆိုရင်…
… အစရှိတဲ့ အထက်ပါအချက်တွေ ဖြစ်ပေါ်ခဲ့မယ် ဆိုပါက မိဘများအနေနဲ့ အထူးသတိပြု ထိန်းညှိပေးဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။