“စိတ်ညစ်နေတဲ့ အချိန် ဆိုရင် ဒီစာလေးကို ဖတ်ကြည့်ပါ။”

“လောက” မှာ…

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
“ကိုယ်ပါပဲ”

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
“ကိုယ်ပါပဲ”

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
“ကိုယ်ပါပဲ”

ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
“ကိုယ်ပါပဲ”

“အဓိက” က ကိုယ့်ရဲ့ “စိတ်” ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်။

“စိတ်” ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
“ဆေးတစ်ခွက်” ဖြစ်နိုင်ပြီး ……

မကောင်းတဲ့ “စိတ်” တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ “ဘေး” အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ် ……

ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက …
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ပဲ မဟုတ်လား……

ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ
ကိုင်ထားကြည့်လိုက်ပါ…
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ ” အပူဒဏ် ”ကို
ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……

သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့
ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……

ဒီလိုပဲ ……
သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို
သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး …
သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ……

မတွေးတော့ပဲ …
ဖြေရှင်းဖို့နည်းလမ်းရှာမှသာ ………
အဆင်ပြေမှာပါ ……

တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ်
တစ်ချို့က ဒါတွေကိုချစ်သူရည်းစားအတွက်
တစ်ချို့က အလုပ်အတွက်
ငွေကြေးပြသနာအတွက်
အစရှိတဲ့…… စိတ်ညစ်မှုမျိုးစုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ် ကို ကိုယ် ……
“ပြစ်ဒဏ်” ပေး အကျဉ်းချနေတာပါ ……

“အဓိက” ဘာလုပ်ရမှာလဲ..
ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ပါပဲ

“အကျိုးရှိရင် အကြောင်းရှိသလို”
အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမယ့်
နည်းလမ်းဆိုတာရှိစမြဲပါ …

သင်တို့လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း
စိတ်ညစ်ဖူးမှာပါ..

ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ
ဖြစ်သွားတာပဲလေ ……
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

အပျော်တွေနဲ့ပဲ နေပါ။ အပျော်တွေကို ဖန်တီးပါ။
စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။ ……

#ဒေါက်တာရွှေထွန်း ရေးသားချက်မှ ကောက်နုတ်ဖော်ပြသည်။

Unleashing Greatness In You

Leave a Comment

%d bloggers like this: